သီရိလင်္ကာနိုင်ငံက နိုင်ငံပေါင်း ၄၀ မှ ခရီးသွားများအတွက် အခမဲ့ဗီဇာ ခွင့်ပြုပေး



မေ ၂၆

သီရိလင်္ကာနိုင်ငံသည် နိုင်ငံပေါင်း ၄၀ မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအား အခမဲ့ အီလက်ထရွန်းနစ် ခရီးသွားခွင့်ပြုချက် အီးတီအေ(ETA) ကို ယမန်နေ့က စတင်ပေးအပ်ခဲ့သည်။

အဆိုပါအခမဲ့ အီးတီအေသည် ရက်ပေါင်း ၃၀ အကျုံးဝင်မည်ဖြစ်ပြီး သံတမန်၊ အစိုးရ၊ ဝန်ဆောင်မှု သို့မဟုတ် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အခမဲ့ အီးတီအေ ရရှိသော ခရီးသွားများသည် ပထမဆုံးဝင်ရောက်သည့်နေ့မှ စတင်ကာ ရက် ၃၀ သက်တမ်းအတွင်း နှစ်ကြိမ်ဝင်ခွင့် (double-entry) ရရှိမည်ဖြစ်သည်။

ရက် ၃၀ ထက်ပိုမိုနေထိုင်လိုသူများသည် သက်ဆိုင်ရာ ဗီဇာကြေးများ ပေးဆောင်၍ သက်တမ်းတိုးလျှောက်ထားနိုင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.