စံချိန်စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်းပို့ကုန်သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်ရေး ညှိနှိုင်းဆွေးနွေး
ရန်ကုန် မေ ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးမှူးများအား
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေပဒေသာဥယျာဉ် စိုက်ပျိုးရေးပြတိုက်၌ တွေ့ဆုံ၍
စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသအလိုက် ဝမ်းစာဖူလုံမှုအပြင်
ပို့ကုန်ကဏ္ဍတိုးတက်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမင်းမင်းတို့သည် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်
တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ
တာဝန်ရှိသူများ၊ စိုက်ပျိုးရေး အထူးပြု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သီးနှံများ
စိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချမှုဆိုင်ရာ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်
ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments