တရုတ်နိုင်ငံအလယ်ပိုင်း၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၆ ဦးရှိလာ



မေ ၅

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင်  မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ချန်ရှာမြို့တော်ဝန် ချန်ဘိုကျန်းက ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်းနှင့် ၎င်းတို့၏ မိသားစုများ၊ ထိခိုက်ခံရသူများနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို တောင်းပန်စကားပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲမတိုင်မီ တက်ရောက်လာသူများသည် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ခေတ္တငြိမ်သက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာအောက်ရှိ ခရိုင်အဆင့်မြို့ဖြစ်သော လျူယန်မြို့ရှိ ဟွာရှန်း မီးရှူးမီးပန်းထုတ်လုပ်ရေးနှင့် ပြသရေးကုမ္ပဏီ၏ စက်ရုံတွင် ယမန်နေ့ ညနေ ၄ နာရီ ၄၃ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကုမ္ပဏီ၏တာဝန်ခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မတော်တဆမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားသည်။

လျူယန်မြို့ရှိ မီးရှူးမီးပန်းထုတ်လုပ်ရေးလုပ်ငန်းအားလုံး ထုတ်လုပ်မှု ရပ်ဆိုင်းထားပြီး ပြုပြင်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲ၏ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံတွင် လျိုယန်မြို့သည် ထင်ရှားကျော်ကြားသော မီးရှူးမီးပန်း ထုတ်လုပ်ရေး ဗဟိုချက်တစ်ခုဖြစ်သည်ဟု သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.