ကျိုက်ထိုမြို့နယ်၌ အခြေခံမွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်

 


ကျိုက်ထို မေ ၇

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် စီစဉ်ဖွင့်လှစ်သည့် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါက်တာဖြိုးဝင့်ကိုက အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေး‌ စောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ၊ ပဋိဇီဝဆေးယဉ်ပါးမှုအကြောင်း၊ ကောင်းမွန်သောတိရစ္ဆာန် မွေးမြူရေးကျင့်စဉ်၊ ဇီဝလုံခြုံမှု၊ နွား၊ ဝက်၊ ကြက်၊ ဆိတ် မွေးမြူရေး စသည့် ဘာသာရပ်တို့ကို နှစ်ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.