ဝါးခယ်မမြို့နယ်၌ တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

 




ပုသိမ်   မေ  ၁၃


ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။


တွေ့ဆုံဆွေးနွေး


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ကြဲပက်ပေးသည်။


ဖွင့်လှစ်


ထို့နောက် ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အလှူရှင်များက ဆောက်လုပ် လှူဒါန်းသည့် Steel Structure တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ တက်ရောက်၍ အလှူရှင် မိသားစုနှင့်အတူ ကျောင်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.