ပြင်ဦးလွင်မြို့၌ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်
ပြင်ဦးလွင် မေ ၂၁
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြင်ဦးလွင်ခရိုင်ဘဏ်ခွဲ၌ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်
ချေးငွေပေးအပ်ပွဲကို မေ ၁၉ ရက်က ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌
ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်မြို့နယ် ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ
ဦးတင်အောင်လွင်က အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့နယ် ချေးငွေအကြံပေးအဖွဲ့ အတွင်းရေးမှူး
ဒေါ်ထွေးထွေးသိန်း(ခရိုင်စိုက်/ ဘဏ်မန်နေဂျာ)က ချေးငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်သို့
ပေးအပ်ခဲ့ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာ ၁၁ ရွာ၊
တောင်သူ ၁၄၃ ဦးအတွက် ချေးငွေကျပ် ၁၆၄၁ သိန်းကို စနစ်တကျ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments