ထန်းတပင်မြို့နယ်၌ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
ရန်ကုန် မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေး
ထိုးနှံခြင်းများကို မေ ၁၂ ရက် နံနက်ပိုင်းက စံကင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌
ကွင်းဆင်းဆောင်ရွက်သည်။
ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
ဒေါက်တာအင်ကြင်းမေနှင့်ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက စံကင်းကြီးကျေးရွာအုပ်စုအတွင်းရှိ
ညောင်သုံးပင်ကျေးရွာနှင့် စံကင်းကြီးကျေးရွာတို့တွင် ကျွဲ၊ နွားများအား လည်ချောင်းကွဲ
ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)

No comments