နယူးဇီလန်နိုင်ငံသို့ မတ်လအတွင်း နိုင်ငံခြားခရီးသွားများဝင်ရောက်မှု သိသိသာသာမြင့်တက်



မေ ၁၄

နယူးဇီလန်နိုင်ငံသို့ မတ်လအတွင်း နိုင်ငံတကာခရီးသွားများဝင်ရောက်မှု သိသိသာသာမြင့်တက်လာရာ ကပ်ရောဂါကူးစက်မှုမတိုင်မီက နိုင်ငံခြားခရီးသွားများဝင်ရောက်မှုနီးပါးရှိကြောင်း ယနေ့တွင် ဖော်ပြထားသည်။

ယခုလအတွင်း နိုင်ငံခြားခရီးသွားဦးရေ ၃၅၈၉၀၀  ရောက်ရှိရာ ၂၀၂၅ ခုနှစ် အလားတူကာလကထက်  နိုင်ငံခြားခရီးသွားဦးရေရောက်ရှိမှု ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

ယင်းကိန်းဂဏန်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း မတ်လတွင် အများဆုံးအဆင့်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်တွင် စံချိန်တင်ခရီးသွားဦးရေ ၃၈၈၃၀၀ ထက်နည်းပါးနေသေးကြောင်း နိုင်ငံတကာခရီးသွားစာရင်းအင်းပြောရေးဆိုခွင့်ရှိသူ Bryan Downes က ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံမှ ခရီးသွားရောက်ရှိလာမှု ၂၄၁၀၀ မှ ၁၃၈၄၀၀ အထိ မြင့်တက်လာကာ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့မှခရီးသွားများဝင်ရောက်မှုလည်း မြင့်တက်လာကြောင်း စာရင်းအင်းဌာနက မှတ်ချက်ပြုခဲ့သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လေကြောင်းခရီးစဉ်များ အနှောင့်အယှက်ဖြစ်ခဲ့ပြီး ကာတာလေကြောင်းလိုင်း မရှိတော့ကြောင်းနှင့်  အာရပ်စော်ဘွားများပြည်ထောင်စုမှ လေယာဉ်ခရီးစဉ်များ နည်းပါးသွားခဲ့ပြီး ထိုဒေသတွင်းမှ တိုက်ရိုက်ရောက်ရှိလာသူများ အထူးသဖြင့် ဗြိတိန်နှင့် ဂျာမန်ခရီးသွားများ ကျဆင်းသွားခဲ့ကြောင်း ယင်းဌာနက ပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.