မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
မော်လမြိုင် မေ ၂၀
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည်
ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်
ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်း(မြို့နယ်အဆင့်) ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ထို့နောက် အဆိုပါကျောင်း၌ ကျောင်းနေအရွယ်
ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များ
ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုအားပေးပြီး ကျိုက်မရောမြို့နယ်
ရေတွင်းကုန်းကျေးရွာ အခြေခံပညာ အထက်ကျောင်း(ခွဲ)၌ အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက
ပြည်သူများ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ လှူဒါန်းပေးနေခြင်းတို့ကို
ကြည့်ရှုအားပေးသည်။
ယင်းနောက် ရေတွင်းကုန်းကျောင်း၌ ကျောင်းနေအရွယ်
ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များ
ဖြန့်ဝေပေးနိုင်မှုနှင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
ပိန္နဲကုန်းကျေးရွာရှိ ဦးစိန်သန်း၏ ဝက်မွေးမြူရေးခြံသို့ရောက်ရှိကာ ဝက်မွေးမြူရေး ခြံအတွင်း
ဝက်မျိုးမ၊ ဝက်သိုးနှင့် ဝက်သားခွဲများ စီးပွားဖြစ်မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments