မကွေးမြို့နယ်၌ ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိ
နေပြည်တော် မေ ၂၆
မကွေးမြို့နယ်၌ ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုး၊
ပြည်ကြီးတံခွန် မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်
ဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရမေ ၂၄ ရက် ညနေ ၆ နာရီခွဲတွင်
မကွေးမြို့နယ် ကန်ပြားကျေးရွာအနီးတွင် တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်နေ ဟန်မင်းကို(ခ)မင်းမင်း
(၄၈) နှစ် မောင်းနှင်လာသော TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ
စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ (တစ် ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း
၄၅၀၀) ဖမ်းဆီးရမိသဖြင့် ဟန်မင်း ကို(ခ)မင်းမင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့အတူ မေ ၂၄ ရက် ညနေ ၆ နာရီခွဲတွင်
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
သတင်းအရ ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်ရှိ ကားဂိတ်၌ မီနီအိုးဝေဖြင့် တန်ဆာပစ္စည်း
လာရောက်ထုတ်ယူသူ အောင်မြေသာစံမြို့နယ် ရွှေလောင်းညွန့်ရပ်ကွက်နေ ညီညီဝိုင်း(၃၉)နှစ်အား
စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး
ငွေကျပ် ၂၀၇ သိန်း) ဖမ်းဆီးရမိသဖြင့် ညီညီဝိုင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments