မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပစ္စည်းများပေးအပ်



ရန်ကုန် မေ ၄

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) တွင် တာဝန်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများအား မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆန်၊ ဆီများ ပေးအပ်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးမြောက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.