အာဖဂန်ဒုက္ခသည် ၅၂၀၀ ကျော် နေရပ်ပြန်လာ
မေ ၁၄
အာဖဂန်ဒုက္ခသည် မိသားစု ၉၇၅ စု၊ ၅၂၂၉ ဦး ယမန်နေ့က အာဖဂန်နစ္စတန်သို့ ပြန်သွားကြောင်း ဘာခ်ထာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
၎င်းတို့အနက် ၁၁၇၈ ဦးကို ၎င်းတို့နေထိုင်ရာပြည်နယ်များသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ကျန်ရှိနေသူများကိုလည်း ဖြတ်ကျော်ဂိတ်များတွင် လိုအပ်သော အကူအညီများ ရရှိပြီးနောက် ၎င်းတို့၏ ပြည်နယ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့်သီတင်းပတ်က အာဖဂန်ဒုက္ခသည် ၄၀၀၀ ခန့် ၎င်းတို့၏ နိုင်ငံသို့ ပြန်သွားခဲ့ကြသည်ဟု သိရသည်။
အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံများက အာဖဂန်ဒုက္ခသည် ၂ ဒသမ ၅ သန်းကျော်သည် ပြီးခဲ့သည့်နှစ်အစောပိုင်းမှစတင်ကာ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments