သထုံမြို့နယ်၌ ကျေးရွာကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
သထုံ မေ ၂၄
မွန်ပြည်နယ် သထုံမြို့နယ် ရှမ်းစုကျေးရွာ၌
ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း
ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးအောင်လွင်၊ သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးကျော်ကျော်လတ်နှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၅ သန်းဖြင့် ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာ ကူညီပံ့ပိုးမှု၊
အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဧပြီလ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
သုတ

No comments