တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ဦးဆောင်၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်
ထားဝယ် မေ ၂၅
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏
လမ်းညွှန်မှုဖြင့် အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြုပြင်ပြောင်းလဲစေရန် လုပ်ငန်းတာဝန်(၄)ရပ်၊
လုပ်ငန်းစဉ်(၆)ရပ်တို့အား တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ
ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ဦးဆောင်၍ ထားဝယ်ခရိုင်/မြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ထားဝယ်မြို့ သပြေချောင်းကျေးရွာရှိ အမှတ်(၅)အခြေခံပညာ
အထက်တန်းကျောင်း၌ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ
ဆောင်ရွက်သည်။
ထို့နောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
ရဲမှူးကြီးမြင့်ထွန်း ဦးစီး၍ တပ်ဖွဲ့ဝင်များက ကျောင်းဝင်းအတွင်း သစ်ပင်ချုံနွယ်များ
ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်နှင့် အမှိုက်များ ရှင်းလင်းခြင်း၊ ထွက်ရှိလာသော အမှိုက်များအား
စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)

No comments