မူဆယ်မြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲနှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 


မူဆယ် မေ ၂၅

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲနှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အထက(၁) ကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။

 

လက်ခံရယူ

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ကျောင်းမုခ်ဦးဆိုင်းဘုတ်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကိုကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းသုံးပစ္စည်းများကို တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.