အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုကြောင့် ကိုးဦး သေဆုံး



မေ ၁၅

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်ရှိ တရားမဝင် ရွှေတူးဖော်ရေးနေရာအနီးတွင် မြေပြိုမှုတစ်ခုကြောင့် လူကိုးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါမြေပြိုမှုချိန်က သတ္တုတွင်းလုပ်သားများစွာ အလုပ်လုပ်ကိုင်လျက်ရှိသည့် သတ္တုတွင်းအနီးရှိ ကျောက်ဆောင်တစ်ခုတွင် ဆီဂျွန်ဂျွန် ဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ အပျက်အစီးများအောက်တွင် လူအများအပြားပိမိနေခဲ့ကြောင်း ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် သတ္တုတွင်းမတော်တဆမှုများအဖြစ်များပြီး အထူးသဖြင့် မိုးရာသီတွင် မြေပြိုမှုများ အဖြစ်များလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.