အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း မာလူကူပြည်နယ်ရှိ ဒူကိုနိုမီးတောင် ပေါက်ကွဲ
ဂျကာတာ မေ ၁၇
အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း
မာလူကူပြည်နယ်ရှိ ဒူကိုနိုမီးတောင်သည် မေ ၁၇ ရက်တွင် ပေါက်ကွဲ ခဲ့ပြီး မီးခိုးပြာများသည်
၎င်း၏တောင်ထွတ်အထက် မီတာ ၅၀၀၀ အထိ လွင့်စင်ပျံတက်ခဲ့ကြောင်း
အင်ဒိုနီးရှားနိုင်ငံ မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ အန္တရာယ်လျော့ပါးရေးဗဟိုဌာနက ပြောကြား
ခဲ့သည်။
အမြင့် ၁၀၈၇ မီတာရှိသော မီးတောင်သည်
လက်ရှိတွင် မီးတောင်ပေါက်ကွဲမှု ဒုတိယအမြင့်ဆုံး
သတိပေးချက်အဆင့်တွင် ရှိနေသည်။
မီးတောင်ပေါက်ဝ၏ ကီလို မီတာ
၄ဝ အကွာအဝေးအတွင်း လှုပ်ရှားမှုများကို ရှောင်ရှားရန်နှင့် မီးတောင်ပြာများကို ရှူရှိုက်မိပါက
အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်များဖြစ်ပေါ်စေသည့် အတွက် နှာခေါင်းစည်းများ ဝတ်ဆင်ထားရန်
အာဏာပိုင်များက ဒေသခံများနှင့် ခရီးသွားများကို တိုက်တွန်းထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments