ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာအီလက်ထရောနစ် မဲပေးစက်များ ထိန်းသိမ်း ထားရှိမှု ကြည့်ရှုစစ်ဆေး
မုံရွာ မေ ၂၂
ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် အဖွဲ့ဝင်များဖြစ်ကြသည့်
ဦးအောင်လွင်ဦး၊ ဦးမြင့်သိန်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ
မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ တိုင်းဒေသကြီး ကြီးကြပ်မှုအဖွဲ့၊
တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ
ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်း များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်ဥက္ကဋ္ဌက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် လွပ်လပ်ပြီး
တရားမျှတသည့် ရွေးကောက်ပွဲ၊ ပြည်သူလူထု ထောက်ခံသည့် ရွေးကောက်ပွဲအဖြစ်
မှတ်ကျောက်တင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲများကိုလည်း
MEVM
မဲပေးစက်များဖြင့် ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့
ကြိုးစားဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊
တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ
ဆောင်ရွက်ခဲ့မှု၊ အတွေ့အကြုံ၊ အခက်အခဲနှင့် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြသည်။
ယမန်နေ့ကလည်း
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့
နှင့် မုံရွာမြို့တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းထားရှိမှုကို
ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကိုမှာကြားကာ
ခရိုင်နှင့်မြို့နယ် ကော်မရှင်ရုံးများ၌ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား
ပြောကြားသည်။
ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် နယ်မြေဒေသအခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့်
မုံရွာမြို့၊ စစ်ကိုင်းမြို့တို့တွင် ရောက်ရှိနေသော ဝန်ထမ်းများအတွက်
ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ ဆက်)
No comments