ဩစတြေးလျ၌ ဆုံဆို့ရောဂါကူးစက်မှုမြင့်တက်လာသဖြင့် အရေးပေါ်ကျန်းမာရေး ထောက်ပံ့နိုင်ရန် ပြင်ဆင်
ကန်ဘာရာ မေ ၂၀
ဩစတြေးလျနိုင်ငံ၌ ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်း
ဆုံဆို့ရောဂါ ကူးစက်ခံရသူ ၂၂၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အရေးပေါ် ကျန်းမာရေးထောက်ပံ့မှု
အစီအစဉ်တစ်ရပ်ကို ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
အကြီးမားဆုံးရောဂါကူးစက်မှုဖြစ်
ကျန်းမာရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ
ယခုဖြစ်ပွား နေသော ဆုံဆို့နာရောဂါ ကူးစက်ပြန့်ပွားမှုမှာ ဆယ်စုနှစ်များစွာအတွင်း ဩစတြေးလျနိုင်ငံ၌
အကြီးမားဆုံး ရောဂါကူးစက်ဖြစ်ပွားမှုတစ်ခု ဖြစ်ကြောင်း သိရသည်။
အဆ
၃၀ ခန့် မြင့်တက်လာ
ဩစတြေးလျကျန်းမာရေးဝန်ကြီး မာ့ခ်ဘတ်လာက မေ
၂၀ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆုံဆို့နာရောဂါကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်လာခြင်းမှာ
အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်းနှင့် မကြာသေးမီနှစ်များအတွင်း ပျမ်းမျှဖြစ်ပွားမှုနှုန်းထက်
အဆ ၃၀ ခန့် မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးနှံမှု
လွှမ်းခြုံနိုင်ရေး မြှင့်တင်
ဖက်ဒရယ်အစိုးရသည် အထူးသဖြင့် ရောဂါကူးစက်မှုဖြစ်ပွားနေသည့်
ဝေးလံခေါင်သီဒေသများတွင် ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင် ရေးကို မြှင့်တင်ရန်နှင့်
ထပ်ဆောင်းကျန်းမာရေးလုပ်သားများ ဖြန့်ကြက်ချထားနိုင်ရန် ပြည်နယ်အာဏာပိုင်များနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသက်အန္တရာယ်ဆုံးရှုံးနိုင်
ဆုံဆို့နာရောဂါသည် ကူးစက်နိုင်စွမ်းမြင့်မားသော
ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည့်ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်သည့်အခြေအနေများတွင်
အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
ဆင်ဟွာ

No comments