မြန်အောင်မြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်

 


မြန်အောင် မေ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးမှူး ဦးရဲအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

သင်တန်းတွင် မီးသတ်ဆေးဘူး အမျိုးမျိုးအကြောင်း၊ ရှေးဦး မီးငြှိမ်းသတ်ရေး၊ အပေါ့စား မီးသတ်စက်များ၊ မီးသတ်ယာဉ်များအကြောင်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသို့ သင်တန်းသား ၃၀ တက်ရောက်ပြီး မေ ၁၈ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

စူပါဦး

No comments

Powered by Blogger.