ကွန်ဂိုနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

 



ကင်ရှာဆာ မေ ၁၉


ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာ ရောဂါကူးစက်မှုများကြောင့် သေဆုံးသူ ၁၀၀ ထက်မနည်းရှိလာကြောင်း သိရသည်။


ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါသံသယ လူနာ ၃၉၀ ကျော်ရှိကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ထုတ်ပြန်ထားသည်။ ကွန်ဂိုနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ အီတူရီပြည်နယ်တွင် အီဘိုလာ ရောဂါကူးစက်မှုဖြစ်ပွားနေသည်ကို အတည်ပြု ထားသည်။ ထပ်မံအတည်ပြုတွေ့ရှိရသည့် ကူးစက်ခံရသူများအနက် အမေရိကန် ဆရာဝန်တစ်ဦးလည်း ပါဝင်ကြောင်း ကွန်ဂို တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အေပီသတင်းဌာနက ဖော်ပြထားသည်။


အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း အီဘိုလာရောဂါကူးစက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ထိရောက်သည့်ကာကွယ်ဆေး မရှိသေးသော အီဘိုလာ ဘွန်ဒီဘူဂျို မျိုးကွဲကို လူနာများတွင် စစ်ဆေး တွေ့ရှိထားကြောင်း သိရသည်။


အမေရိကန်နိုင်ငံအနေဖြင့် အီဘိုလာ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စိုးရိမ်သင့်လားဟု မေ ၁၈ ရက်တွင် သတင်းထောက် တစ်ဦးက သမ္မတဒေါ်နယ်ထရမ့်ကို မေးမြန်းခဲ့ရာတွင် ထရမ့်က စိုးရိမ်သင့်ကြောင်း၊ ယခု လတ်တလောတွင် အာဖရိကတိုက်အတွင်း ကန့်သတ်ဖြစ်ပွားနေသေးသော်လည်း အခြားသော ဒေသများအထိ ကူးစက်ပျံ့နှံ့နိုင်သည့် ရောဂါမျိုးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ လွန်ခဲ့သည့် ၂၁ ရက်အတွင်း ကွန်ဂို၊ ယူဂန်ဒါနှင့် တောင်အာဖရိကနိုင်ငံတို့သို့ ခရီးသွားဖူးသော နိုင်ငံခြားသားများကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။


အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.