ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဝက်သက်ရောဂါ သံသယရှိသေဆုံးသူဦးရေ ၃၆၉ ဦးအထိ ရှိလာ



မေ ၁၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ဝက်သက်ရောဂါ သံသယရှိသူ ၁၃၆၃ ဦးနှင့် သေဆုံးသူ ခြောက်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါဝက်သက်ရောဂါနှင့် ဆက်စပ်သော သံသယရှိသူများနှင့် သေဆုံးမှုများသည် မေ ၁၃ ရက် နံနက် ၈ နာရီမှ မေ ၁၄ ရက် နံနက် ၈ နာရီအတွင်း ဖြစ်ပွားခဲ့သည်ဟု ကျန်းမာရေးဝန်ဆောင်မှုဌာန အထွေထွေညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ သိရသည်။

ဝက်သက်ရောဂါသံသယရှိသူစုစုပေါင်း ၅၄၄၁၉ ဦးအထိ ရှိလာပြီး မတ်လလယ်ပိုင်းရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ သံသယရှိသေဆုံးသူဦးရေ ၃၆၉ ဦးအထိ ရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.