ရေကြည်မြို့နယ်၌ တောင်သူနည်းပညာပြန့်ပွားရေး ဟောပြောပွဲကျင်းပ
ရေကြည် မေ ၃
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင်
မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူနည်းပညာပြန့်ပွားရေး အသိပညာပေးဟောပြောပွဲကို
ယနေ့နံနက်ပိုင်းက သပြေကွင်းကျေးရွာ မိုးကောင်းဓမ္မာရုံတွင် ကျင်းပသည်။
ဦးစွာ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးစောထွန်းဝင်းက အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချောက
တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး
ဦးကျော်ထွန်းလင်းက ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်းမရှိစေရေး၊
မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ကာ
တောင်သူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments