ခရမ်းမြို့နယ်၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

 



ရန်ကုန် မေ ၃၁


ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ဇီးဖြူပင်ကျေးရွာမှ တောင်သူများအား ယမန်နေ့နံနက် ၁၀ နာရီတွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲပြုလုပ်သည်။

 

ဦးစွာ ခရမ်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲနှင့် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ တို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်က ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနှင့်စပ်လျဉ်း၍ တောင်သူများအား ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


အာကာ

No comments

Powered by Blogger.