တောင်ကိုရီးယားနိုင်ငံ၌ ခုံးကျော်တံတားပြိုကျမှုကြောင့် နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
မေ ၂၆
တောင်ကိုရီးယားနိုင်ငံတွင်ခုံးကျော်တံတားပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း ယွန်ဟပ်သတင်းဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုတွင် ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရသူများကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာကအစောပိုင်းတွင် ဖော်ပြထားသည်။
ဆိုးလ်မြို့တော်တွင် ဖြိုဖျက်နေသော ခုံးကျော်တံတားသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၂ မိနစ်ခန့် (0532 GMT) တွင် ပြိုကျခဲ့သည်ဟု သိရသည်။
မီးသတ်အာဏာပိုင်များက ဒဏ်ရာရရှိသူ ခြောက်ဦးအပြင် နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးလျက်ရှိပြီး ဆိုးလ်မြို့တော်အစိုးရ၏ အမည်မဖော်လိုသော အရာရှိတစ်ဦးက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ခုံးကျော်တံတား၏ တစ်ဖက်ပြိုကျသွားကြောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments