ဒုတိယဝန်ကြီး ဦးအေးကျော် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးမှုကောင်းမွန်စေရေး ဆောင်ရွက်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 



နေပြည်တော် မေ ၁၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် မေ ၁၆ ရက်တွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများကို တွေ့ဆုံဆွေးနွေးသည်။


ယင်းနောက် Advanced Metering Infrastructure (AMI) Control Center တွင် မီတာစောင့်ကြည့် စစ်ဆေးကြည့်ရှုမှု၊ Call Center ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှု၊ Regional Control Center (RCC) ၌ ဓာတ်အားထိန်းချုပ်ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


မွန်းလွဲပိုင်းတွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များသို့ ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် ၆၆ ကေဗွီ ဒေါင်းရွေး-စက်မှုဇုန်(၁) ဓာတ်အားလိုင်းတည်ဆောက်နေမှု၊ ၆၆/၃၃/၁၁ ကေဗွီ, ၃၀ အမ်ဗွီအေ ပြည်ကြီးတံခွန် (စက်မှုဇုန်-၁) ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှုနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်များအတွင်းရှိ ဓာတ်အားသုံးစွဲသူပြည်သူများ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက် ၁၁/၀.၄ ထရန်စဖော်မာများ အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.