တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံ
ဟင်္သာတ မေ ၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင်
တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် မေ
၂ ရက်က ဟင်္သာတမြို့နယ်ရှိ ခေါင်းဆေးကျွန်းစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများအား
အသင်းပိုင် ကိုင်းမြေဧက ၆၃ ဒသမ ၅ ဧကမှ မြေပဲ၊ ပဲပုပ်နှင့်စားဖိုဆောင်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊
အသင်းသားတောင်များ၏ မျိုးနှင့်သွင်းအားစု လိုအပ်ချက်များ ပံ့ပိုးနိုင်ရေး စာရင်းပြုစုညှိနှိုင်းဆွေးနွေး
ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရွာသာလက္ခုပင်ကျေးရွာရှိ ရွာသာလက္ခုပင်
စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူများနှင့် တွေ့ဆုံပြီး
မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး မျိုးကောင်း မျိုးသန့် အသုံးပြုနိုင်ရေးတို့အတွက်
ညှိနှိုင်းဆွေးနွေးပြောကြားကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ လူမှုစီးပွား
(သက်တန့်ရောင်) စီမံကိန်းဆောင်ရွက်မည့် အသင်းသား ခုနစ်ဦးတို့၏ လယ်ဧက ၅၀ အတွက် တစ်ဧကလျှင်
သုည ဒသမ ၂၈၈ သန်းတန်ဖိုးရှိ မျိုးနှင့် သွင်းအားစုဖိုးအတွက် ပံ့ပိုးစရိတ် ၁၄ ဒသမ ၄
သန်းတို့ကို မိုးစပါးအချိန်မီ စိုက်ပျိုးချိန်တွင် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments