၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေနေပြည်တော် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ

 


နေပြည်တော် မေ ၂၁

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီး၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးမှူး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံ ရေးသီတင်းပတ် မြေစိုက်ပိုစတာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ရေပန်းဥယျာဉ်မုခ်ဦးအနီး ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.