အမှတ်(၄)အရက်ချက်စက်ရုံနှင့် ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန (မော်လမြိုင်)စက်ရုံတို့အား ကွင်းဆင်းစစ်ဆေး

 


မော်လမြိုင် မေ ၂၁

 

မွန်ပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် မေ ၂၀ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မုပွန်နတ်ကျွန်းရပ်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Shwe Mawlamyine Beverage Enterprise Co., Ltd တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အမှတ်(၄)အရက်ချက် စက်ရုံနှင့် မော်လမြိုင်မြို့ မုပွန်ရပ်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Chords & Chain Myanmar Co., Ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြွေထည်ပစ္စည်း ထုတ်လုပ်ရေး ဌာန (မော်လမြိုင်)စက်ရုံတို့အား ကွင်းဆင်းစစ်ဆေး ကြည့်ရှုပြီး စက်ရုံများ၏ လက်ရှိအခြေအနေနှင့် စက်ရုံများမှ တင်ပြသည့် တင်ပြချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.