၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် ပထမ ကိုးလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လောင်စာဆီတင်သွင်းမှုကုန်ကျစရိတ် ၅၄ ရာခိုင်နှုန်းကျော် မြင့်တက်လာ
မေ
၁၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်
လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ပထမ ကိုးလအတွင်း
ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ပြည်တွင်းဝယ်လိုအားမြင့်တက်လာခြင်းကြောင့်
၎င်း၏ လောင်စာဆီတင်သွင်းမှု ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်ဘဏ်၏
နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ
လောင်စာဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ သုံးစွဲခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်
နှိုင်းယှဉ်ပါက ၅၄ ဒသမ ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
စွမ်းအင်ကျွမ်းကျင်သူများက
ယင်းခုန်တက်မှုသည် နိုင်ငံတကာဈေးနှုန်းဖိအားများနှင့် ပိုမိုအားကောင်းလာသော ပြည်တွင်းသုံးစွဲမှုတို့ကြောင့်ဟု
ယူဆကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments