ဒေသတွင်းတင်းမာမှုများ မြင့်တက်နေသော်လည်း တူကီယဲနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှု အခက်အခဲ မရှိဟုဆို
အင်ကာရာ မေ ၁၃
ဒေသတွင်း ပဋိပက္ခများဖြစ်ပွားနေသော်လည်း တူကီယဲနိုင်ငံအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာ ထောက်ပံ့မှုတို့တွင် အခက်အခဲတစ်စုံတစ်ရာမရှိကြောင်း
သမ္မတ ရီဆတ်တေရစ် အာဒိုဂန်က မေ ၁၂ ရက်တွင် ပြောကြားသည်။
တူကီယဲနိုင်ငံ၏ မြို့တော် အင်ကာရာတွင် ပြုလုပ်သော ကမ္ဘာ့တောင်သူလယ်သမားများနေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် သမ္မတ အာဒိုဂန်က တူကီယဲနိုင်ငံသည် အရှေ့အလယ် ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော
ပဋိပက္ခများက နိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှုအပေါ်
သက်ရောက် မှုမရှိစေရေး သတိထားစောင့်ကြည့်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
ထို့အပြင် ဓာတ်မြေဩဇာနှင့်
ဓာတ်မြေဩဇာကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိမှုမှာ လုံလောက် သည့်ပမာဏတွင် ရှိကြောင်း၊ အစိုးရ၏ စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းချမှတ်မှုများနှင့် ပံ့ပိုးမှု မူဝါဒများကြောင့်
တူကီယဲနိုင်ငံအနေဖြင့် စားနပ်ရိက္ခာမဖူလုံမှုပြဿနာများနှင့် ရင်ဆိုင်ရခြင်း မရှိကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။
ဆင်ဟွာ

No comments