မြောင်းမြမြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်
မြောင်းမြ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီက ကျွဲ၊
နွား ရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် နွားမေထုန်မဲ့သားစပ်ပေးခြင်းတို့ကို ညောင်တောစုကျေးရွာအုပ်စုရှိ
သဗြုပင်ဆိပ်ကျေးရွာ၊ ကွမ်းသီးချောင်းနှင့် အုန်းပင်ကျေးရွာတို့၌ ဆောင်ရွက်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စီးပွားဖြစ်မွေးမြူရေးခြံစာရင်း
ကောက်ယူခြင်း၊ တိရစ္ဆာန်အစာဆိုင်နှင့် ဆေးဆိုင်စာရင်းကောက်ယူခြင်း၊ ဇီဝဇိုးငှက်မွေးမြူမှုစာရင်းကောက်ယူခြင်း၊
ကျွဲနွားရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ နွားမေထုန်မဲ့သားစပ်ခြင်း၊ မွေးမြူရေးဆိုင်ရာ
သင်တန်းများဖွင့်လှစ်ခြင်း၊ မွေးမြူရေးခြံများတွင် နမူနာပြပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)

No comments