အင်ဒိုနီးရှားနိုင်ငံသို့ မတ်လတွင် တရုတ်ခရီးသွားရောက်ရှိမှု ၁၃ ဒသမ ၅၅ ရာခိုင်နှုန်း မြင့်တက်လာ



မေ ၅

အင်ဒိုနီးရှားနိုင်ငံသို့ တရုတ်ခရီးသွားရောက်ရှိမှု ၁၃ ဒသမ ၅၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ယမန်နှစ် အလားတူလက ၈၄၄၉၇ ဦး ရှိခဲ့ရာမှ  ၉၅၉၄၅ ဦး အထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှား စာရင်းအင်း သို့မဟုတ် ဖြန့်ချိမှုနှင့် ဝန်ဆောင်မှုစာရင်းအင်းဆိုင်ရာ ဘီပီအက်စ်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နှစ်သစ်ကူးအားလပ်ရက်ကြောင့် တရုတ်နိုင်ငံမှ ပြည်ပခရီးသွားများမြင့်တက်ခဲ့သည့် ဖေဖော်ဝါရီလတွင် တရုတ်ခရီးသွားဝင်ရောက်မှု ၁၅၀၈၂၂ ဦးရှိရာမှ ခရီးသွားအရေအတွက် ကျဆင်းသွားသည်ဟု ဘီပီအက်စ် ဒုတိယခေါင်းဆောင်က ဆိုသည်။

မတ်လတွင် စုစုပေါင်းနိုင်ငံခြားခရီးသွားရောက်ရှိမှု ၁ ဒသမ ၀၉ သန်းရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းခရီးသွားအရေအတွက် ၃ ဒသမ ၄၄ သန်းအထိ ရောက်ရှိလာကာ ယခင်နှစ်ကထက် ၈ ဒသမ ၆၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဘီပီအက်စ်မှ ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.