မှော်ဘီမြို့နယ်၌ စမ်းသပ်ကွက်အတွင်းမှ သီးနှံနမူနာများ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်
မှော်ဘီ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌
စမ်းသပ်ကွက်အတွင်းမှ သီးနှံနမူနာများ ကောက်ယူခြင်း လုပ်ငန်းများကို မေ ၁၇ ရက်က မှော်ဘီမြို့နယ်ရှိ
မြန်မာ့ဆန်စပါးသုတေသနဌာနတွင် ပြုလုပ်သည်။
ပိုးသတ်ဆေးဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားလာသည့်
စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားရရှိထားသော ပိုးသတ်ဆေးများအား စမ်းသပ်ပေါင်းသတ်ဆေးများ၏
အဆိုပြုမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလမှန်/မမှန် စစ်ဆေးနိုင်ရန်အတွက် သတ်မှတ်ချိန်၌စမ်းသပ်
ကွက်အတွင်းမှ သီးနှံနမူနာများ ကောက်ယူမည့်လုပ်ငန်းစဉ်အတိုင်း သီးနှံကာကွယ်ရေးဌာနခွဲမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်အေးပွင့်ခိုင်နှင့် ဝန်ထမ်းများသည် မြန်မာ့ဆန်စပါးသုတေသနဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရီရီချို၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ၊ ကွင်းတာဝန်ခံနှင့်
သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ သီးနှံနမူနာရယူခြင်းကို ပြုလုပ်သည်။
သီးနှံများ၏ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုအား
စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်
ရလဒ်များရရှိသည့်အချိန်မှသာ ယာယီသုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားသို့ တိုးမြှင့်လျှောက်ထားခွင့်ရရှိမည်
ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)

No comments