နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေရရှိရေး စူးစမ်းလေ့လာထားရှိသောနေရာများ ကွင်းဆင်းစစ်ဆေး

 


နေပြည်တော် မေ ၁၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာရှိ လယ်မြေဧက ၁၈၀ ကို စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် မြစ်ရေတင်စနစ် တည်ဆောက်နိုင်ရေး စူးစမ်းထားရှိသောနေရာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ငလိုက်ဆည်ရေသောက် စနစ်အဖျားပိုင်း မြို့ရှောင်လမ်းဘေးအနီး လယ်ယာမြေများ စိုက်ပျိုးရေရရှိရေးအတွက် လျာထား‌နေရာ၊ ပေါင်းလောင်းဆည်ရေသောက်စနစ် လက်ယာတူးမြောင်းမကြီး၏ လက်တံ(၂)မှ စိုက်ပျိုးရေတိုးချဲ့ပေးဝေရန်နှင့် လယ်ဝေးမြို့နယ် ပြည်ဝင်ကျေးရွာအနီး ရှစ်လက်မတွင်း နှစ်တွင်းတူး၍ စိုက်ပျိုးရေ ပေးဝေရန်လျာထားနေရာ၊ မဒန်းဆည် ရေသောက်စနစ်မှ ရာဇသင်္ဂဟလမ်းဘေးရှိ စိုက်ပျိုးမြေဧကများကို စိုက်ပျိုးရေပေးဝေရန် အတွက် ဖြစ်နိုင်စွမ်းရှိသောနေရာများကို ကြည့်ရှုစစ်ဆေးပြီး မြေပြင်အနိမ့်အမြင့်ပေါ်မူတည်၍ စိုက်ပျိုးရေပေးဝေနိုင်မည့် အစီအမံများကို မြေပြင်ကွင်းဆင်း အသေးစိတ် တိုင်းတာတွက်ချက်၍ ပြန်လည်တင်ပြကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.