အောင်လံမြို့နယ်၌ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်
အောင်လံ မေ ၂၄
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ပြည်ထောင်စု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်
စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံကိန်း၊
စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ
ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက ချေးငွေများထုတ်ချေးပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တာဝန်ရှိသူများက ဒေသခံတောင်သူများအား
တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ နှုန်းဖြင့် စုစုပေါင်း တောင်သူ ၁၁ ဦးအား သက်သာသော အတိုးနှုန်းဖြင့်
ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments