ချုံချင့်နှင့် မနီလာ တိုက်ရိုက်လေကြောင်းလမ်းသစ် စတင်


မေ ၄

တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား လေကြောင်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရန်အတွက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာတို့ကို ချိတ်ဆက်ထားသော တိုက်ရိုက်လေယာဉ်လမ်းကြောင်းစတင်ပျံသန်းနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါလမ်းကြောင်းကို Air China မှ Boeing 737 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပြီး အပတ်စဉ်လေးကြိမ်ပျံသန်းသွားလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းဌာနအောက်ရှိ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးရုံး၏ ဒါရိုက်တာ Zeny C Pallugna က ဖိလစ်ပိုင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်အကြား လေကြောင်းဆက်သွယ်မှု တိုးတက်လာခြင်းနှင့်အတူ အဆင့်အတန်းမြင့် ကမ်းခြေများ၊ ထင်ရှားသော ကျွန်းများနှင့် ဒေသခံများ၏ ဧည့်ဝတ်ကျေပွန်မှုတို့ဖြင့် တရုတ်ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.