မက္ကဆီကိုနိုင်ငံ၌ ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် ငါးဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရရှိ

 


မေ ၈

မက္ကဆီကို အနောက်မြောက်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ယမန်နေ့က မီးလောင်မှုတစ်ခုတွင် လူ ငါးဦး ထက်မနည်း သေဆုံးပြီး  ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက အာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

ဆီနာလိုအာပြည်နယ် လော့စ်မိုချစ်စ်မြို့ရှိ ဈေးဝယ်စင်တာ Plaza Fiesta Las Palmas တွင် ယမန်နေ့မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုသည် ဈေးဝယ်စင်တာအတွင်းရှိ စားသောက်ဆိုင်တစ်ခု၏ မီးဖိုချောင်က စတင်ခဲ့ပြီး အဆောက်အအုံရှိ မီးလောင်လွယ်သောပစ္စည်းများကြောင့် မီးကူးစက်လောင်ကျွမ်းမှုအလျင်အမြန် ပျံ့နှံ့သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။

ဆီနာလိုအာပြည်နယ် ရှေ့နေချုပ်ရုံးက ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ခဲ့ကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.