မုဒုံမြို့နယ်၌ စက်သုံးဆီ ကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲ ကျင်းပ
မော်လမြိုင် မေ ၂၄
မွန်ပြည်နယ် မုဒုံမြို့နယ်၌ စက်သုံးဆီ
ကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲကို မေ ၂၃ ရက်က ကျင်းပရာ ပြည်နယ် လျှပ်စစ်၊
စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး တက်ရောက်သည်။
ရှင်းလင်းပြောကြား
ထို့နောက် မွန်ပြည်နယ် ရေနံထွက်ပစ္စည်း
ထိန်းသိမ်းရေးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ချစ်က စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းဆိုင်ရာများနှင့်ပတ်သက်၍
ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မွန်ပြည်နယ် မီးသတ်ဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက သိုလှောင်ကန် မီးဘေးလုံးခြုံရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး
တက်ရောက်လာသော သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက
မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးနည်းစနစ်၊ ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးဖြင့်
လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments