လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရန်ပုံငွေ လျော့နည်းလာသည့်အတွက် သန်းနှင့်ချီသည့် အာဖဂန်ပြည်သူများ အကူအညီများဆက်လက်လိုအပ်



ကဘူးလ်   မေ   ၂၄

ယခုနှစ်  ပထမသုံးလအတွင်း  အာဖဂန်နစ္စတန်နိုင်ငံရှိလူပေါင်း ၂၁ ဒသမ ၉သန်းမှာ  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကဏ္ဍအသီးသီး၌လိုအပ်လျက်ရှိသည်ဟု  ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(OCHA) က အစီရင်ခံတင်ပြခဲ့ကြောင်း ပြည်တွင်းသတင်းဌာနဖြစ်သည့် တိုလိုနယူးစ်တွင် မေ ၂၄ ရက်က ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာအရ (OCHA) သည်  မူလက  လူပေါင်း  ၁၇ ဒသမ ၅ သန်းကို ကူညီထောက် ပံ့ရန် စီစဉ်ခဲ့သော်လည်း ၄ ဒသမ ၇ သန်းဆီသာအကူအညီရောက် ရှိခဲ့ကြောင်း၊  အဆိုပါပမာဏမှာ      ပစ်မှတ်ထားသည့်လူဦးရေ၏ ၂၇ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားသည်။ နိုင်ငံတစ်ဝန်း အကူအညီလိုအပ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ  လိုအပ် သည်ဟု  အေဂျင်စီကပြောသည်။   သို့သော်လည်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ   ၁၉၅  သန်းသာ ယခုအချိန်အထိ ရရှိထားသေးသည်။

အကူအညီလက်ခံရရှိသူများအနက် ကလေး ၄၉  ရာခိုင်နှုန်း၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနှင့် ကျန်ရှိသော   ၂၁     ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း အစီရင် ခံစာတွင် ထပ်မံဖော်ပြထားသည်။ ရန်ပုံငွေလျော့ကျမှုဆက်လက်ဖြစ် ပေါ်နေခြင်းသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီ လုပ်ငန်းများ   လုပ်ဆောင်ရာတွင်  အဓိကစိန်ခေါ်မှုကြီးအဖြစ်   ရှိနေ ကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ  အကူ အညီလိုအပ်နေသည့်      သန်းနှင့် ချီသည့်      ပြည်သူများအတွက် အကန့်အသတ်ဖြင့်သာ     အကူ အညီရောက် ရှိနိုင်ကြောင်း ဖော်ပြ ထားသည်။

ဆင်ဟွာ

No comments

Powered by Blogger.