မှော်ဘီမြို့နယ်၌ မျိုးစပါးနှင့် သဘာဝမြေဩဇာပေးအပ်ပွဲ ကျင်းပ

 


ရန်ကုန် မေ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာနကမိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ မျိုးစပါးနှင့်သဘာဝမြေဩဇာပေးအပ်ပွဲ အခမ်းအနားကို မေ ၂၂ ရက်နံနက်ပိုင်းတွင် မြို့နယ် သမဝါယမအသင်းစုခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေနွေအောင်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးကျော်လင်းဇော်နှင့် တာဝန်ရှိသူများက သမဝါယမအသင်းများအား မျိုးစပါးနှင့် သဘာဝဓာတ်မြေဩဇာများပေးအပ်ခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

No comments

Powered by Blogger.