မြိတ်မြို့ မြိတ်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား သင်တန်းသူများ လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုအားပေး



နေပြည်တော် မေ ၁၅

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အခြေခံ လေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် လေယာဉ်ပျံသန်းမှုဆိုင်ရာပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)ကို ဧပြီ ၂၇ ရက်မှစတင်၍ မြိတ်မြို့ရှိ မြိတ်သင်တန်းစခန်း၌ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။


အဆိုပါ သင်တန်း၌ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား ယနေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ကျော်လင်းမောင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။


ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ကျော်လင်းမောင်က သင်တန်း သား သင်တန်းသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.