ကလေးမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

 



ကလေး မေ ၁၄


စစ်ကိုင်းတိုင်းဒေသကြီး ကလေး လေဆိပ်တွင် လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာကြသည့် ကလေးမြို့နယ်ဂုဏ်ဆောင် လူရည်ချွန် မောင်မယ်များအား ယနေ့မွန်းလွဲ ၃ နာရီတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အိုးစည် ဒိုးပတ်များဖြင့် နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုကြသည်။


လေ့လာရေး ခရီးစဉ်များတွင် နည်းပညာတက္ကသိုလ်မှ ကျောင်းသူ တစ်ဦး၊ ကလေးတက္ကသိုလ်မှ ကျောင်းသူနှစ်ဦး၊ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား လေးဦး၊ ကျောင်းသူလေးဦး စုစုပေါင်း ၁၁ ဦးနှင့် ကြီးကြပ်ဆရာမတစ်ဦး တို့သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ အင်းလေး၊ ချောင်းသာနှင့် ငွေဆောင်ဒေသများသို့ သွားရောက် လေ့လာပြီး ပြန်လည်ရောက်ရှိလာကြရာ ကလေးခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ မြို့မိမြို့ဖများက ဂုဏ်ပြုပန်းကုံးများ၊ လက်ဆောင်ပစ္စည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.