ဗဟန်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် အွန်လိုင်းလိမ်လည်မှုတားဆီးကာကွယ်ရေး အသိပညာပေး
ရန်ကုန် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၌
ရက်(၁၀၀)စီမံချက်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်၊ အွန်လိုင်းလိမ်လည်မှုတားဆီးကာကွယ်ရေး
အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ရဲအုပ် ကျော်သူရထွန်းက
လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအန္တရာယ် အကြောင်းကိုလည်းကောင်း၊ ရဲအုပ် ဝင်းမင်းသန်းက
မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကိုလည်းကောင်း ဟောပြောသည်။ ယင်းနောက် မြို့နယ်ဥပဒေအရာရှိ
ဒေါ်ဆုပြည့်ကျော်က အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေးအန္တရာယ် အသိပညာဟောပြောခဲ့ကြောင်း
သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments