အမျိုးသမီးချန်ပီယံလိဂ်ဖလား ဘာစီလိုနာအသင်း လေးကြိမ်မြောက် ဆွတ်ခူး



ဘာစီလိုနာနှင့် လိုင်ယွန်အသင်းတို့၏ အမျိုးသမီး ချန်ပီယံလိဂ်ဖလား   ဗိုလ်လုပွဲစဉ်ကို  မေ  ၂၃ ရက် ညပိုင်းက နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အူလီဗားလ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက  တိုက်စစ်ခြေစွမ်းပြကာ   လေးဂိုးပြတ် နိုင်ပွဲရရှိပြီး ခြောက်ရာသီအတွင်း ချန်ပီယံလိဂ်ဖလား ကို လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ 

လိုင်ယွန်အသင်းသည် ပွဲအစပိုင်းမိနစ်များတွင် ဘာစီလိုနာအသင်းကို ခြေစွမ်းအသာဖြင့် ကစားနိုင် ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ကစားအားကျဆင်းလာကာ သွင်းဂိုးများ ဆက်တိုက်ခွင့်ပြု ပေးခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ချန်ပီယံ လိဂ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သော်လည်း   အာဆင်နယ်အသင်းကို   အံ့အားသင့်ဖွယ်    ရှုံးနိမ့်ခဲ့သောကြောင့်    ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ရသည်။

လိုင်ယွန်အသင်းသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း  ချန်ပီယံလိဂ်ဖလားကို  ငါးကြိမ် ဆွတ်ခူးရရှိထားသည်။

မိုးဇက် - စုစည်းရေးသားသည်

No comments

Powered by Blogger.