ဘားအံမြို့၌ ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံ
ဘားအံ မေ ၁၄
ကရင်ပြည်နယ် ဘားအံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက
ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မေ ၁၃ ရက် နံနက်ပိုင်းက
လှာကဒေါင်မွေးမြူရေးဇုန်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊
ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မွေးမြူရေးဇုန်အတွင်း မွေးမြူထားရှိသည့်
နွားများ၊ ဝက်များအား တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments