ညောင်လေးပင်မြို့နယ်၌ ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သောနည်းလမ်းများ ပညာပေးဆွေးနွေး
ညောင်လေးပင် မေ ၂၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်သော နည်းလမ်းများ ပညာပေးဆွေးနွေးပွဲနှင့်
ဇီဝမီးသွေး (Biochar) လက်တွေ့သရုပ်ပြပွဲကို မေ ၂၈ ရက်က ပြွန်တန်ဆာမြို့ စိုက်ပျိုးပညာပေးစခန်း
(KC) ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန
ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းအောင်ဆန်းက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးနှင့်
သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရေး နည်းပညာများ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး
မြေအသုံးချရေးတာဝန်ခံ ဒေါ်ငြိမ်းငြိမ်းစန်းက သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သော
နည်းလမ်းများအား ဆွေးနွေးပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော
ဒေသခံ တောင်သူများအား ဇီဝမီးသွေး (Biochar) ပြုလုပ်သုံးစွဲခြင်းကို လက်တွေ့သရုပ်ပြသခဲ့သည်။
နေလင်း(ညောင်လေးပင်)

No comments