စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 


ရန်ကုန် မေ ၃၁


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများသည် စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးနှင့် ဓာတ်အား လေလွင့်ပျောက်ဆုံးမှု မရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၃၀ ရက် နံနက်ပိုင်းက ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၁) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်း အဝေးတွင် စက်မှုဇုန်များအတွင်း လျှပ်စစ်ဓာတ်အားကို ဗို့အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက် မီးသုံးသူစက်ရုံများရှိ Capactor Bank များ သုံးစွဲရေး၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ ဓာတ်အားလေလွင့်ပျောက်ဆုံး မှုမရှိစေရေးတို့အတွက် ဓာတ်အား လိုင်းများနှင့် မလွတ်ကင်းသည့် အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များအား ဇုန်ကော်မတီများနှင့် ညှိနှိုင်းပြီး အပတ်စဉ်ခုတ်ထွင် ရှင်းလင်းရေး၊ SAC ကြိုးများဖြင့် လဲလှယ်တပ်ဆင်ရေး၊ ဟောင်းနွမ်း ဓာတ်အားလိုင်းတိုင်များ လဲလှယ်ရေး၊ ထရန်စဖော်မာများ လောင်ကျွမ်းမှု မဖြစ်စေရေးတို့အတွက် ဇုန်ကော်မတီဝင်များ၏ ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ ရုံးချုပ်၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 


ချစ်ဆောင် (YESC)

No comments

Powered by Blogger.