နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

 



နေပြည်တော် မေ ၁၃


နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို မေ ၁၁ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးလှသိန်းက ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် ရက်(၁၀၀)စီမံကိန်းဆိုင်ရာ ရှင်းလင်းချက်များ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၏ လုပ်ငန်း လမ်းညွှန်ချက်များ ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်မွန်က ဥပဒေရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၏ လုပ်ငန်း လမ်းညွှန်ချက်များကို လည်းကောင်း ထပ်ဆင့်ရှင်းလင်း ကြသည်။


အခမ်းအနားသို့ နေပြည်တော် ဥတ္တရခရိုင်၊ ဇေယျာသီရိခရိုင်၊ လယ်ဝေးခရိုင်၊ ပျဉ်းမနားခရိုင် ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများ၊ ရမည်းသင်းခရိုင်နှင့် မြို့နယ် ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ငွေကြယ်

No comments

Powered by Blogger.