ကော့သောင်းမြို့နယ်အတွင်းရှိ အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်
ကော့သောင်း မေ ၁၉
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ကော့သောင်းမြို့နယ်အတွင်းရှိ အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်ဆု၊ ကုန်သွယ်လုပ်ငန်းခွန်ဆုနှင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ပုဂ္ဂလိက လုပ်ငန်းရှင်ဆု ရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းဒေသကြီး အခွန် ဦးစီးဌာနမှူးက အခွန်ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော့သောင်းခရိုင်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မအားကစားကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အေးရိပ်ငြိမ်ကြက်တောင် အားကစားရုံ၊ ရွှေမင်းဝံတင်းနစ်အားကစားရုံနှင့် ခရိုင်အားကစားခန်းမများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments